Familiar Wife (2018)
아는 와이프

Details

  • Native Title: 아는 와이프
  • Directors: Lee Sang-yeob
  • Country: South Korea
  • Genre: Romance, Fantasy
  • No. of episodes: 16
  • Aired: August 1, 2018
  • Aired On: Wednesday, Thursday
  • Network: tvN


ဒါရိုက်တာ Yang Hee-sung ရိုက်ကူးထားပြီး tvN ကနေ Aug 1 ရက်နေ့မှ စတင်ထုတ်လွင့်နေတဲ့ ကားလေးပါ။ Time Travel အမျိုးအစားလည်းဖြစ်သလို မင်းသားကြီး Ji Sung နဲ့ မင်းသမီး Han Ji-min တို့က ဇာတ်ဆောင်အဖြစ်ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Cha Joo-Hyuk (Ji Sung) နဲ့ Seo Woo-Jin (Han Ji-Min) တို့ဟာ ၅ နှစ်ကြာလက်ထပ်ထားကြတဲ့ အိမ်ထောင်ဖက်တွေပါ။ Cha Joo-Hyuk က ဘဏ်မှာအလုပ်လုပ်သလို Seo Woo-Jin ကလည်း အလုပ်နဲ့ပါ။ ကလေးနှစ်ယောက်ရဲ့ မိဘတွေဖြစ်ကြပြီး တဖြည်းဖြည်းနဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ မချောမမွေ့ဖြစ်လာခဲ့တယ်။

တစ်နေ့မှာ Cha Joo-Hyuk ဟာ သူ့ရဲ့အချစ်ဦးနဲ့ မထင်မှတ်ပဲ တွေ့ခဲ့ကြတယ်။ အချစ်ဦးနဲ့ လွဲခဲ့ရတဲ့အကြောင်းသိလိုက်ရတော့ နောင်တတွေရနေခဲ့တာပေါ့။ ဒီလိုနဲ့ မထင်မှတ်ပဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်မိရာက သူ့ဘဝကို ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခု ကျရောက်စေခဲ့တယ်။ သူဘဝကို ပြန်အစပြုခွင့်ပေးလိုက်သလိုပေါ့။

ဘယ်လိုဖြစ်ရပ်ဆန်းကြီးကများ သူ့ဘဝကို အစပြုခွင့်ပေးနိုင်ရတာလဲ။ သူ့ရဲ့ ဘဝသစ်ထဲမှာ အချစ်ဦးနဲ့ကော ဘယ်လိုတွေဆက်ဖြစ်လာကြအုံးမှာလဲ။ ပြီးတော့ သူ့ရဲ့ဘဝဟောင်းထဲကိုကော သူပြန်လာနိုင်ပါအုံးမလား ...

အခုလို Time Travel ကိုအခြေခံရိုက်ကူးထားပြီး Romance, Fantasy အမျိုးအစားဖြစ်တဲ့ ဒီကားလေးကိုတော့ အားလုံးကြိုက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Episodes Openload
E01
E02
E03
E04
E05
E06
E07
E08
E09
E10
E11
E12
E13
E14
E15
E16(End)

About Us

This is the website of facebook page @eurekachannel.org.

We will post upcoming TV series with myanmar subtitles. We entertain your happiness.

CONTACT

Contact us and we'll get back to you within 24 hours.

Mayangone, YGN

eurekachannel@outlook.com